အမျိုးအစား (၂) သွေးချိုဆီးချိုရှိသူများ သွေးချိုထိန်းရာတွင် ညီတူမျှတူအရေးပါတဲ့ အရာများ(The 4 pillars of balance)
Manage episode 443290529 series 3605191
၁။ စားသောက်မှုပုံစံ
အမျိုးအစား (၂) သွေးချိုဆီးချိုရှိသူများအတွက် သွေးတွင်းသကြားဓာတ်ထိန်းရာတွင် စားသောက်မှုပုံစံက ၂၅% အရေးပါပါတယ်။
၂။ ကိုယ်လက်လှုပ်ရှားမှု
အမျိုးအစား(၂) သွေးချိုဆီးချို ဖြစ်ပွားရခြင်းရဲ့ အကြောင်းတွေထဲမှာ အထိုင်များခြင်း၊ အဝလွန်ခြင်း စတဲ့ အချက်တွေလည်းပါဝင်ပါတယ်။
၃။ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု
သွေးချိုဆီးချိုရှိသူများဟာ အချိန်နှင့်တစ်ပြေးညီ သောက်သုံးနေရသော ဆေးဝါးများကို ဆရာဝန်နှင့် တိုင်ပင်ကာ ထိန်းညှိရန်လိုအပ်သလိုဆီးချိုနှီးနွယ် နောက်ဆက်တွဲများကို အချိန်မှီသိရှိရန် ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုလုပ်ရန်လိုပါတယ်။
၄။ စိတ်ကျန်းမာရေး
သွေးချိုဆီးချိုဟာ တစ်ခဏအတွင်းကုသပျောက်ကင်းတဲ့ ရောဂါမျိုးမဟုတ်ပဲ ရေရှည် ယှဥ်တွဲနေထိုင်ရမှာဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ခွန်အားများကလည်း တော်တော်လိုအပ်ပါတယ်။
120 эпизодов