မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခက်အခဲများ
Manage episode 443290499 series 3605191
မိခင်နို့တိုက်ကျွေးခြင်းဟာ အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ရှိပါတယ်။ အတွေ့အကြုံရလာလေ သက်သက်သာသာ လုပ်နိုင်လာလေ ဖြစ်မှာပါ။ နို့တိုက်နေစဉ်အတွင်း ဖြစ်ပေါ်တတ်သော စိန်ခေါ်မှုများစွာ ရှိပါတယ်။ မှန်ကန်သော အသိပညာသိရှိခြင်းဟာ ဤစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ရိုလာကိုစတာ စီးရခြင်း နှင့် တူသော မိခင်နို့တိုက်ကျွေးခြင်းဖြစ်စဉ်
မိခင်ဖြစ်လာတဲ့အခါ အချိန်အများစုကို ကလေးနို့တိုက်ခြင်းနဲ့ ကုန်လွန်ရပါလိမ့်မယ်။ လှပသော ခရီးစဥ်တစ်ခု ဖြစ်ပေမယ့်လည်း နို့တိုက်ခြင်းဟာ အတက်၊အကျ အခက်အခဲတွေနဲ့ ပြည့်နေတတ်ပါတယ်။ မိခင် ဖြစ်စ အမျိုးသမီးများအတွက် ရိုလာကိုစတာ စီးရသလိုပဲ စိန်ခေါ်မှုတွေ ရှိပါလိမ့်မယ်။ ဒါကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အခက်အခဲများနှင့် ဖြေရှင်းနည်းများ နဲ့ ပတ်သတ်လို့ မှန်ကန်သော အသိပညာများ ရှိခြင်းပဲ ဖြစ်ပါတယ်။
အဖြစ်များသော မိခင်နို့တိုက်ကျွေးရေး ဆိုင်ရာ စိန်ခေါ်မှုများ
မိခင်နို့တိုက်ကျွေးခြင်း ခရီးစဥ်စတင်တာနဲ့ စိန်ခေါ်မှုများစွာရှိပါတယ်။ အသံဖိုင်လေးကိုအပြည့်စုံနားထောင်ကြည့်ပါ။
123 эпизодов